
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ(၁) ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)