
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်လွင်၊ မြို့နယ်ဦးစီးမှူးသည် (၂၀-၃-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူရွှေဆိုင်ရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦး အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းပြုလုပ်ခဲ့သည်။
ထိုသို့ဆွေးနွေးရာဟောပြောရာ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနသည် e-Commerce Registration System (eComReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) မှတ်ပုံတင်လက်မှတ် ခွင့်ပြုထုတ်ပေးခြင်းလုပ်ငန်းစတင်ခဲ့ကြောင်း EcomReg Online Sales Registration စနစ်အား www.ecomreg.gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်လက်မှတ် သက်တမ်းမှာ ၂ နှစ်ဖြစ်ပါတယ်။စနစ်တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည့် သူများကို အောက်ပါအတိုင်း အမျိုးအစား(၂)မျိုး ခွဲ၍ လျှောက်ထားနိုင်အောင် ဆောင်ရွက်ထား ပါကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ အွန်လိုင်းဖြင့် ကုန်စည်ဝယ်ယူမှုနှင့် စားသုံးသူထိခိုက်နစ်နာမှုကိစ္စရပ်များဖြစ်ပေါ်နေ၍ ဥပဒေအနေဖြင့် ကာကွယ်ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပလက် ဖောင်းတွင် ဖြစ်ပေါ်နေမှုများကို ထိန်းကြောင်းသည့်အနေဖြင့် အွန်လိုင်းမှတ်ပုံတင်ပြီးမှသာ ကုန်စည်နှင့် ဝန်ဆောင်မှုများရောင်းချရမည်ဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များအနေ ဖြင့် သတ်မှတ် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အနည်းဆုံး ထောင်ဒဏ် ၆လမှ ၃နှစ်အထိချမှတ်နိုင် သည့်အပြင် ကျပ်၅သိန်းထက်မပိုသော ငွေဒဏ်ချမှတ်တိုင်ကြားနိုင်ကြောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်း များကို နိုင်ငံတော်ဘဏ္ဍာ အခြားစီမံခန့်ခွဲနည်းဖြင့် ချမှတ်နိုင်သည့်အကြောင်း၊ အရေးယူပိုင်ခွင့်အကြောင်း ကိုရှင်းလင်းခဲ့ပြီး မေးမြန်းမှုကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)