
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၁-၃-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဆန်စက်လုပ်ငန်းဖွဲ့ဖြိုးရေး ဆန်စပါးအသင်း အဖွဲ့များ ရှင်သန်းနိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိစေရန်အလို့ငှာ ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးခြင်းတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က စီးပွားရေးလုပ်ငန်းရှင်နှင ့်တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆန်စက်ကိစ္စများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများတင်ပြလာမှုအပေါ် ဆွေးနွေး အကြံပြုခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆွေးနွေးရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် ဆန်းစပါးကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ကြိုဆင်ဆွေးနွေးခြင်း ၊ ဖွဲစည်းပြီး အသင်းများ ရှင်သန်းအားကောင်းမှသာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲ သို့ ဆန်စက်လုပ်ငန်းရှင် (၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)