မအူပင်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိမရှိ ကြပ်မတ်စစ်ဆေး

Powered by Drupal

ဧရာဝတီဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများ  ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မအူပင်ခရိုင်ဌာနဆိုင်ရာများ လိုက်ပါ၍ ၂၀၂၅ခုနှစ် မတ်လ ၂၀ နေ့ နေ့လည် ၁၄၀၀ နာရီခွဲက မအူပင်မြို့ပေါ်ရှိ မြို့မဈေးအတွင်းဆေးဆိုင်(၂)ဆိုင်နှင့် ကမ်းနာလမ်းပေါ်ရှိ ဦးကျားဗိုလ်ဆေးဆိုင်၊ မြမဥ္ဇူဆေးဆိုင်၊ ဇီဝကဆေးဆိုင်၊ မြမြဆေးဆိုင်၊ ဆေးဝါးပစ္စည်း အရောင်း ဆိုင်များ(၆) သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးဝါပစ္စည်းအရောင်းဆိုင်များအား တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေရေးအတွက် တရားမဝင် မှတ်တင်ထားခြင်းမရှိသော ဆေးဝါးများနှင့် သက်တမ်းလွန် နေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှု ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားပြီး ဆေးဆိုင်များအလိုက် ပြည်သူလူထု ဘေးအန္တရာယ်ဖြစ်စေနိုင်သော သက်တမ်းလွန် ဆေးပစ္စည်းများနှင့် တရားမဝင် မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှု ရှိ/ မရှိ တို့ကို ရှာဖွေစစ်ဆေးခဲ့ကြသည်။

မအူပင်ခရိုင်အတွင်းရှိ ပြည်သူများ ယခုလို ကာလတွင်  ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာ၌ မလိုလားအပ်သော ဘေးအန္တရာယ်တွေ မဖြစ်စေရေးအတွက် ဆေးပစ္စည်း အရောင်းဆိုင်တွေမှာ သက်တမ်းလွန်ဆေးဝါးပစ္စည်းများနဲ့ တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ဖြန့်ဖြူး ရောင်းချမှုတွေ မရှိစေရေး လစဉ်၊ ဌာနဆိုင်ရာများမှ ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက် လျက် ရှိပါကြောင်း  စစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူ များနဲ့ ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်တာဖြစ်ပါတယ်။ ဆေးဆိုင်းရောင်းချသူများမှ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ လိုက်နာဆောင်ရွက် ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ပါက အမျိုးသားဆေး ဝါးဥပဒေအရလည်းကောင်း၊ သက်ဆိုင်ရာဌာန၏ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ လည်းကောင်း၊ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုင်ရှင်များအား မှာကြားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)