ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို ၂၀၂၅ခုနှစ် မတ်လ ၂၁ နံနက် ၈ နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များဖြစ်ကြသည့်  မြိုနယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန် ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဆေးဝါးများရောင်းချရာတွင် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး၊ စျေးကွက် အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်အရည်းအသွေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

DOCA (ဧရာဝတီ)