စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Show ကို ၂၄.၃.၂၀၂၅  နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်ချိုမီဇင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူပြည်သူများ သတိပြုလိုက်တာရမည့်အချက်များ၊ စားသုံးသူရေး ရာဦးစီးဌာန၏ လုပ်ဆောင်နေသော အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် ခြင်း ဆိုင်ရာ အမိန့်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်အမိန်အကြောင်း၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု၍ပဒေနှင့် စပ်လျဉ်းသည့် ဆက်စပ် ဥပဒေများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခြင်း နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်’၍ သိလိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်သော consumer callcenter 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုပါ ပြည်သူများသိရှိနိုင်ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ TalkShow အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)