ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၂၁.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သည့်  စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့ပေါ်ရှိ "ပင်လောင်"ကုန်စုံ ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ စစ်ဆေးရာတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး   စားသုံးရန်မသင့်ဟု ထုတ်ပြန် ထားသော ကုန်စည်များနှင့် သက်တမ်းလွန်နေသောစားသောက်ကုန်များ ရောင်းချခြင်းမရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)