
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၄.၃.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ စည်ပင်ဈေး အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ဘူးသွပ်စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ညွှန်ကြားချက်များ ပြည့်စုံစွာ မပါရှိသော ဘူးသွပ်ဆီများအား ရောင်းချမှု ရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန်နှင့် ရောနှောဆီများရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဘူးသွပ်ဆီများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကိုက်ညီမှုရှိကြောင်း၊ သက်ဆိုင်ရာ(FDA) ထောက်ခံချက် များလည်း ပြည့်စုံစွာပါဝင်ကြောင်းနှင့် ရောနှောဆီများရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာ(၈)ချက်အား လည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် အချက်(၁၁)ချက်အား လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)