
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော “ရွှေဟင်္သာ” ကိတ်နှင့်မုန့်မျိုးစုံ၊ “ဖြိုးမင်းသား” ပဲပွကြော် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအား လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင် မှ ထုတ်ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်း ဖော်ပြ ရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည် အမျိုးအစား အလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက် ထားနိုင် ကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ပဲပွကြော်လုပ်ငန်းရှင် အား မိမိတို့ထုတ်လုပ်သော ထုတ်ကုန်များတွင် ပွဆေး၊ မွဆေးများအား အလွန်အကျွံမသုံးစွဲစေလို ကြောင်း၊ ကိတ်မုန့်လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် သက်ဆိုင်ရာအစိုးရဌာနများမှ ထောက်ခံ ချက်မရှိသော ဓာတုပစ္စည်းများအား မသုံးစွဲစေလိုကြောင်း၊ ပွဆေးသုံးစွဲရာတွင် သုံးစွဲမှု အညွှန်း အတိုင်းသာ လိုက်နာသုံး စွဲစေခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းမည် ဖြစ်ကြောင်း၊ မှိုတက်နေသော ကိတ်မုန့်အစိုများအား ပြန်လည်ရောနှော အသုံးမပြုစေလိုကြောင်းကိုလည်းကောင်း အသီးအသီး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)