
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင် ဦးစီးမှူး၊ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂)ဦးတို့သည် အလုံခရိုင်၊ စမ်းချောင်း မြို့နယ် ရှမ်းလမ်းဈေးတွင်းရှိ ဦးထွန်းမြင့်နိုင်ဆီဆိုင်နှင့် ဒေါ်အိအိဖြူဆီဆိုင်တို့အား ဈေးတာဝန်ခံတို့ နှင့်ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၄.၃.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် ဆီအသင်းမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များ အား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)