ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း များ သည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပ မြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ ကလေးကစားစရာ အရုပ်များတွင်  ကုန်အညွှန်းအ မှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များဖြစ်သော Lego (Set the Piece of toy)၊ Fishing toy၊ Robot Card၊ Water gun စသည့် ကစားစရာများတွင် အမျိုး အမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာ အရုပ် များတွင်  ဘေးအန္တရာယ်ကင်း ရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက် စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)