
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mar ရှိ တာဝန် ခံနှင့်တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းမျာဖြစ်သော Walco, Double Cow, Pep စသည့် အမှတ်တံဆိပ်များ၏ နွားနို့နှင့် ဒိန်ချဉ်ဗူးများတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေး၊ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ် ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)