“ ကွမ်းခြံကုန်းမြို့နယ်ရှိအိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ ဘိလပ်မြေများပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၊ မတ်  (၂၅) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်များတွင် အိမ်ဆောက် ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်များသို့ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိ စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် မြို့နယ်ရပ်ကွက်များတွင် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဈေးပိုင်းရပ်ကွက် ရတနာပုံ (၁)လမ်း၊ အမှတ်(၇၂)မှ ဒေါ်ခင်မာဝေ (အိမ်ဆောက် ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး)နှင့် တောင်ပိုင်းရပ်ကွက် စိတ္တသုခလမ်း အမှတ်(၂၇၈) မှ မအေး ကြည်(အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိူး)ရောင်းချသည့် ဆိုင်များသို့ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား စုံစမ်းမေး မြန်းကြရာ လက်ရှိအခြေအနေတွင် ကွမ်းခြံကုန်းမြို့နယ်အတွင်း အသုံးများသော Alpha ဘိလပ်မြေနှင့် ကြံ့နှစ်ကောင်(နီ)ဘိလပ်မြေများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချလျှက်ရှိကြောင်း ဈေးနှုန်းများလည်း ယခင်လထက်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ် အေးက ဘိလပ်မြေသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည် ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်၍ သိုလှောင်ခြင်း များ မပြုလုပ်ကြရန် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)