ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်းသို့ ပြည်ပမှတင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများရောက်ရှိ

Powered by Drupal

၂၃.၃.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးပါ(၂)ဦးတို့သည် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းသို့ ဘိလပ်မြေများ ရောက်ရှိမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင်  ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်း လာသော ဘိလပ်မြေ‌ရေယာဉ်သည် တန်ချိန် (၁၅၀၀)တင်ဆောင်လာပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိလာကာ ဘိလပ်မြေများကို ဈေးကွက်သို့ ဆက်လက်ဖြန့်ဖြူးရောင်းချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)