Denko(အောင်ဆန်း)စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ် များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီ ပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက် ရှိပါသည်။

ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၂၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၂၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ Denko (အောင်ဆန်း)စက်သုံးဆီဆိုင်များသို့ သွားရောက် ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီဈေးနှုန်း တင်ထားသည့် LED Board များကိုပါစစ်ဆေးခဲ့ပြီး၊ တရားမဝင်စက်သုံးဆီများကို ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)