ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၅:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၂၈၉) မက္ခရာ မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ရွှေစားသောက်ကုန်လုပ်ငန်း၌ ထုတ်လုပ်လျက် ရှိသော ငါးမုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် ရွှေစားသောက်ကုန်စက်ရုံမှ မန်နေဂျာ ဒေါ်ညိုမီဝင်းပါ ဝန်ထမ်း များအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာန အဆင့်ဆင့် ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားနှင့် ပတ်သက်သည့် အချက်များ၊ လိုက်နာမှု မရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၅:၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)