
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် လှိုင်သာယာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး ပူးပေါင်းပါဝင်၍ စိန်၊ ငွေ၊ မြကြက်အူချောင်း/ဝက်အူချောင်းလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်မှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ ပါသည်။
၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း လာသောကြောင့် ကျား(၈၀)၊ မ(၁၃၀)ဦးခန့်ဖြင့် လုပ်ကိုင်လည်ပတ်လျက်ရှိပြီး စုစုပေါင်း တစ်ရက်လျှင် ကုန်ချော(၁၂)တန်ထုတ်လျက်ရှိရာ အမျိုးအစားမှာ CP ကြက်အူချောင်း/ဝက်အူ ချောင်း၊ ကြက်သား လုံး၊ ဝက်သားလုံး၊ အသားပြားထုတ်လုပ်လျက်ရှိပြီး စတိုးဆိုင်၊ ကုန်မျိုးစုံဆိုင်ကြီးများနှင့် Shopping Center များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း လုပ်ငန်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေရ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)