“ တွံတေးမြို့နယ်ခလောက်ချိုက်ကျေးရွာအုပ်စု၊မမျိုးစုကျေးရွာ၊ဝဲပျံကွင်းလမ်းတွင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်

Powered by Drupal

တွံတေးမြို့နယ်၊ မတ်လ  (၂၅) ရက်

          တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကြီး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ(၂၁)ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက တရားမဝင်  ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းအား တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေ အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် သစ်တောဦးစီးဌာန CMRS ဦးစီး ရဲချုပ်၏ ချပြသတင်းအရ (၂၀.၃.၂၀၂၅)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆောင်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်ပါ (၆)ဦး၊ ပြည်ပပို့ကုန် သစ်တောထွက်ပစ္စည်း စိစစ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေး မှူး ဦးတင်ထွဋ်ပါ (၆)ဦး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းပါ (၄)ဦး၊ တွံတေးမြို့နယ် သစ်တောဦးစီးမှူးပါ (၅)ဦး၊ ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် မင်းနန္ဒာထွန်းပါ (၃)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးပါ (၃)ဦး၊ ဗျောက်ရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်၊ မျက်နီကုန်းကျေးရွာ ရာအိမ်မှူး ဦးအောင်ဇော်ထွန်းတို့ ပူးပေါင်းအဖွဲ့မှ တွံတေးမြို့နယ် မျက်နီကုန်းကျေးရွာ၊ ဆိတ်ကြီးခနောင်တိုလမ်းဘေး (ဦးမြင့်ဝေအမည်ပေါက်) အိမ်တွင်း စက်ဝင်း (470-JU 847638) ဝင်ရောက်စစ်ဆေးရာတွင် တရားမဝင် အခြားသား (တောင်သရက်၊ သပြေ) ခွဲသားဆိုဒ်စုံ (၁၆၈)ချောင်း၊ (၃၂.၃၈၂၂) ဖမ်းဆီး (တစ်တန်လျှင် ၁၃၆၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် (၄၄၀၃၉၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)