“ ခရမ်းမြို့နယ်၌နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားဈေးနှုန်းသက်သာစွာဖြင့်စားသုံးဆီများ ရောင်းချပေး ”

Powered by Drupal

ခရမ်းမြို့နယ်၊မတ်လ  (၂၅) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များ ပူးပေါင်း၍ နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချ ရေးကော်မတီ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင် အငြိမ်းစားများအား ရောင်းချခဲ့ရာ ဆီတစ်ပိဿာလျှင် ဗူးပါ (၈၃၀၀)ကျပ်နှုန်းဖြင့် ပင်စင်စား ဝန်ထမ်း(၁)ဦးလျှင် (၃)ပိဿာနှုန်း ရောင်းချ ပေးခဲ့ပြီး ဆီပိဿာချိန် စုစုပေါင်း (၃၆၀၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)