
၂၄.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် စက်သုံးဆီအရောင်းဆိုင်သို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ပူးပေါင်းအဖွဲ့တို့လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များသည် ရတနာ(တိုက်ကြီး) စက်သုံးဆီအရောင်းဆိုင်၏ ဆီရောင်းချမှုအခြေအနေများ၊ ဆီရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သည့် မီးသတ်ဆေးဘူးများ ထပ်မံဖြည့်တင်းထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)