
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသို့ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်း၍ပုဂ္ဂလိက ဆေးရုံများသက်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိမြေပြင် ကွင်းဆင်းစစ်ဆေး ခြင်းကို မတ်လ (၂၄)ရက်နေ့၊ နံနက်(၀၉၃၀)နာရီတွင်ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
အဆိုပါပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ/မရှိစစ်ဆေးရေး ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိပုဂ္ဂလိကအထူးကုဆေးရုံနှင့်ဆေးခန်းများသို့ ကွင်းဆင်း၍ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းများ၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူ အားဝန်ဆောင်မှုပေးရာတွင် ထင်ယောင်ထင်မှားမဖြစ်စေရေး၊ ဆေးဝါးများအား သတ်မှတ်အပူ ချိန်တွင်ထားရှိစေရေး၊ ထိန်းချုပ်ဆေးဝါးထားရှိသောပုဂ္ဂလိကအထူးကုဆေးရုံများတွင် သတ်မှတ် အအေးခန်းတွင် သီးခြားထားရှိ၍ နေ့စဉ်မှတ်တမ်းထားရှိစေခြင်း၊ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင်မှတ်တမ်းများရှိ/ မရှိ စစ်ဆေးခြင်း၊ အခန်းအပူချိန်တိုင်း ကိရိယာများ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲလျက်ရှိသောဆေးဝါးများအား မှတ်တမ်းထားရှိ၍ သက်တမ်း ကုန်ဆုံးမည့်ရက်စွဲများအား အမြဲတစေစစ်ဆေးသုံးစွဲစေခြင်း၊ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက် အမှတ်ပါရှိသောဆေးဝါးများ သာသုံးစွဲစေရန်၊ ဆေးရုံဆေးခန်းအတွင်းအပြင် နေရာစုံ၌ အစဉ် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)ပုဒ်မ(ဇ)ပါ ထင်ယောင်ထင်မှား ဖြစ်စေသည့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျည်းသည့် သဘာဝအရည်အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ် ထားသောစံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ စားသုံးသူကိုလွဲမှားယူဆမှုဖြစ်စေသော အပြုအမူအပြောအဆိုများ မပြုလုပ်ရန်၊ ရရှိနိုင်သောဝန်ဆောင်မှုဆိုင်ရာများအား စားသုံးသူများကို တိကျသေချာရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ကြရန်၊ မိမိတို့ကြော်ငြာထားသည်နှင့် ကိုက်ညီသောဝန်ဆောင်မှုများပေးဆောင်ရန် စသည်တို့ကိုစစ်ဆေးဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၂:၃၀) နာရီတွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြီးစီးကြောင်း သိရသည်။
DOCA(မန္တလေး)