
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ ၂၅.၃.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ ရွှေကောင်း အာလူးကြော်လုပ်ငန်းမှ မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးနှင့် လာရောက် တွေ့ဆုံခဲ့ပါသည်။
ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များသည် စားသုံးသူ အား ဦးစွာပထမဘေးအန္တရာယ်ကင်းရှင်းစေမှုရှိရန် အထူးလိုအပ်ပါကြောင်း၊ ထို့အပြင် စားသုံးသူ၏ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး၊ အာမခံချက်ပေးနိုင်ရေးတို့ကိုလည်း လုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားရမည်ပါကြောင်း၊ ဥပဒေများနှင့်ညီညွတ်မှုမရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို လည်း အရေးယူဆောင်ရွက်မှုများရှိကြောင်း၊ စားသုံးသူအားစိတ်စေတနာအပြည့်အဝထား၍ စီးပွား ရေးကျင့်ဝတ်စည်းကမ်းများ၊ ဥပဒေများပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ အရည် အသွေးမြင့်မားသည့် ထုတ်ကုန်များထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့တိုင် တင်ပို့နိုင်ရေး ရည်ရွယ်ချက်ထားရမည်ဖြစ်ပါကြောင်းရှင်းလင်းဆွေးနွေးမှုပြုခဲ့ပြီး၊ စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၏ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့်အချက်များအား မှတ်သားသိရှိစေကာ ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
DOCA(မန္တလေး)