တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး Working Task Force အဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

နေပြည်တော်၊ (၂၂-၆-၂၀၂၂)

             တရုတ်နိုင်ငံ(GACC)သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/အခြောက်ခံစက်/နေလှန်းကွင်းများ စစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေး Working Task Force အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၂-၆-၂၀၂၂ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံ (GACC) သို့ တင်ပို့နိုင်ရေးအတွက် အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများစစ်ဆေးခဲ့မှုအပေါ် စိစစ်ခဲ့ရာ ပထမအကြိမ်အဖြစ် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီ (၈၆) ခု အား ရွေးချယ်ခဲ့ပြီး MOALI မှတဆင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒုတိယအကြိမ် ထပ်မံ စိစစ်ရွေးချယ်နိုင်ရေး  ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလို ကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ စစ်ဆေးပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ တက်‌ရောက်လာကြသည့် Working Task Force အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM, DOCA