မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာရှိ ဆီစက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၆.၂၀၂၂)နေ့တွင် မအူပင်မြို့နယ် ရေလဲကလေးကျေးရွာတွင်ရှိသော ဆီစက်လုပ်ငန်းရှင် ရွှေကုလားကျွန်းဆီစက်ပိုင်ရှင် ဦးကြည်ဝင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးများအကြောင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ရေလဲကလေးကျေးရွာရှိ ရွှေကုလားကျွန်း ဆီစက်ပိုင်ရှင် ဦးကြည်ဝင်းမှ ဆီစက်ကို မြေပဲဆီအတွက် မြေပဲကုန်ကြမ်းရရှိမှု အခက်အခဲများ နေကြာဆီ ထုတ်လုပ်ရန်အတွက် နေကြာစေ့ကုန်ကြမ်းရရှိရန် လိုအပ်သည့် အခက်အခဲများအကြောင်းကို တင်ပြရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မြေပဲဆီအတွက် ကုန်ကြမ်းဖြစ်သည့် မြေပဲများ ဒေသတွင်းစိုက်ပျိုးနိုင်ရေး နေကြာစိုက်ဧကများ တိုးတက်စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် နိုင်ငံတော်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ကုန်ကြမ်းများရရှိလာပါက အရည်အသွေးမြှင့် မြေပဲဆီ၊ နေကြာဆီများ ထုတ်လုပ်လာနိုင်မည့် နည်းလမ်းကောင်းများကို ထည့်သွင်းဆွေးနွေး အသိပညာပေး ဆောင်ရွက်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)