
(၂၅.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၁၅)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါ၍ မှော်ဘီ မြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မှော်ဘီမြို့နယ်၊ မြို့မဈေးမှ ဈေးတာဝန်ခံပါ ပူးပေါင်းဆောင်ရွက် လျှက် ဈေးအတွင်းရှိ ဘီ(၁)၊ အခန်း(၃၅/၃၆) ဦးခင်ဝင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပြီး စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂)ပိဿာရရှိမှာဖြစ်ပြီး ရောင်းချချိန်ကိုလည်း နံနက်(၉:၃၀) နာရီမှ ညနေ(၅:၀၀)နာရီထိ ရောင်းချပေးကြောင်း၊ နေ့စဉ် အရောင်းစာရင်းကိုလည်း ရေးသွင်းထား ခြင်း စစ်ဆေးတွေ့ရှိရပြီး တိုင်ကြားချက်များမရှိအောင်လည်း ဂရုစိုက်ဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)