
အင်ဒိုနီးရှားလူ့စွမ်းအားဝန်ကြီးဌာနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (MSME)ဝန်ကြီးဌာနတို့တို့သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ အငယ်စားနှင့် အသေးစားလုပ်ငန်း ၁၀၀၀၀ ကျော်အား စွမ်းရည်တည်ထောင်ရေးဆောင်ရွက်မှုများတွင် ပူးပေါင်းလေ့ကျင့်ရန် သဘောတူခဲ့ ကြကြောင်း သိရပါသည်။ လူ့စွမ်းအားဝန်ကြီး Yassierli က လူစွမ်းအားဝန်ကြီးဌာနနှင့် MSME ဝန်ကြီးဌာနတို့ကြား လုပ်ငန်းရှင်လေ့ကျင့်ရေးသင်တန်းများ တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် MoU ရေးထိုးခဲ့ကြကြောင်း မတ်လ ၂၅ ရက်နေ့က ဂျကတာ တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ Yassierli က ဝန်ကြီးဌာန ၂ ခု သည် နိုင်ငံတော် MSME ကဏ္ဍအဆင့်မြှင့်တင်ရန်ရည်ရွယ်သည့် ကနဦးဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန်လိုအပ်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါ သည်။ ထိုသဘောတူညီချက်ကို ယခုနှစ်မေလမှစတင်မည့် အကြီးစားစီးပွားရေးလုပ်ငန်းများ အားလေ့ကျင်မှုများ နောက်တွင် အကောင်အထည်ဖော်မည်ဟု သိရပါသည်။ Yessierli က လူ့စွမ်းအားဝန်ကြီးဌာနသည် ၎င်တို့၏ဒေသတွင်း လေ့ကျင့်စင်တာများကိုအသုံးပြုခြင်း၊ သင်တန်း နည်းပြများနှင့် လိုအပ်သောသင်ခန်းစာများပြင်ဆင်ပေးခြင်းအားဖြင့် ပရိုဂရမ်တွင်ပူးပေါင်းပါဝင် မည်ဟု သိရပါသည်။ MSME ဝန်ကြီး Maman Abdurrrahman က ဝန်ကြီးဌာန ၂ ခုသည် ၎င်းတို့၏အရင်းအမြစ်များကို အသုံးပြု၍ ထိုပူးတွဲပရိုဂရမ်ကို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသင်တန်းများသည် အငယ်စားနှင့် အသေးစားစီးပွားများကို သာရည်ရွယ်ပြီး အလတ်စား လုပ်ငန်းများမပါဝင်ကြောင်းနှင့် ကနဦးအဆင့်တွင် လုပ်ငန်းပေါင်း ၅၀၀၀ ထိလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနနှစ်ခုအကြား ဆက်လက်၍ နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းပေါင်း ၁၀၀၀၀ ထိ တိုးချဲ့နိုင် ရန်မျှော်လင့်ရကြောင်း သိရပါသည်။ Abdurrahman က ထိုပူးပေါင်းဆောင်ရွက်မှုသည် MSME ကဏ္ဍအဆင့်မြှင့်တင်ရန်ရည်ရွယ်သည့် ပရိုဂရမ်များတွင် ဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု မြှင့်တင်ရန် သမ္မတ Prabowo Subianto ၏ ညွှန်ကြားမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)