၂၀၂၅ နှင့်၂၀၂၆ ခုနှစ်တို့အတွက် ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်များ

Powered by Drupal

    ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် တို့တွင် ကမ္ဘာ့စီးပွားရေးသည် တဖြည်းဖြည်း တိုးတက်လာမည်ဟု စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD) နှင့် ကမ္ဘာ့ဘဏ်တို့မှ ခန့်မှန်းထားပါတယ်။

      OECD ၏ ခန့်မှန်းချက်အရ ၂၀၂၅ နှင့် ၂၀၂၆ အတွက် စီးပွားရေး တိုးတက်မှုနှုန်းအနေဖြင့် ၃.၁% ရှိမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ တိုးတက်မှုသည် ဒေသအလိုက် ကွဲပြားမှုများ ရှိနေခဲ့ရာ အမေရိကန် (၂.၂% - ၂.၀%) နှင့် ဥရောပ (၁.၅% - ၁.၃%) တို့တွင် ကျဆင်းနိုင်သော်လည်း၊ တရုတ် (၄.၅%) နှင့် အာရှဒေသ (၅% အထက်) တွင် အားကောင်းသော တိုးတက်မှု ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။  

   ကမ္ဘာ့ဘဏ်သည် OECD ၏ ခန့်မှန်းချက်အရ ၂၀၂၅ နှင့် ၂၀၂၆ အတွက် စီးပွားရေး တိုးတက်မှုနှုန်းအနေဖြင့် ၂.၇% ခန့်မှန်းထားပြီး၊ ဥရောပ (၁.၂%) နှင့် မြောက်အမေရိက (၂.၅%) တွင် တည်ငြိမ်မှုရှိနိုင်သော်လည်း၊ အရှေ့အလယ်ပိုင်း (၂.၈%) နှင့် အနောက်တောင်အာရှ (၅.၃%) တို့တွင် တိုးတက်မှုမြင့်မားနိုင်သည် ဟုလည်း ခန့်မှန်းထားပါတယ်။

    ငွေကြေးမူဝါဒများ၊ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာကုန်သွယ်ရေး မူဝါဒများသည် ကမ္ဘာ့စီးပွားရေး၏ အနာဂတ်ကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ပြီး၊ အမေရိကန်နှင့် ဥရောပတွင် ငွေကြေးမူဝါဒ ပြောင်းလဲမှုများက စီးပွားရေးအတိုးနှုန်းကို ထိခိုက်စေနိုင်သော်လည်း၊ တရုတ်နှင့် အာရှဒေသများသည် တည်ငြိမ်မှုရှိသော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)