BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်မည် နိုင်ငံတော်ဝန်ကြီးချုပ်

Powered by Drupal

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ BIMSTEC သည် ဘင်္ဂလားပင်လယ်အော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကောင်စီ ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ နည်းပညာနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

DOCA(ဧရာဝတီ)