
၂၀၂၅ ခုနှစ်အတွင်း၌ ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း မှာကျဆင်းလာခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းအတွက် အခက်အခဲများဖြစ်ပေါ်လာစေရုံသာမက ထိုင်းနိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
မော်တော်ယာဉ် ထုတ်လုပ်မှုနှုန်းကျဆင်းရခြင်းမှာ ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ် မြင့်မားလာတဲ့အတွက် မော်တော်ယာဉ်ထုတ်လုပ်မှုနည်းသွားပါတယ်ခြင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်ရာတွင် အခက်အခဲရှိနေခြင်းနှင့် နည်းပညာများမှာ ပြောင်းလဲမှုများဖြစ်ပေါ် နေခြင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းနှင့် နည်းပညာပိုင်းတို့တွင် တရုတ်နှင့် ဂျပန်တို့၏ ပံ့ပိုးမှုများ ရရှိထားသော်လည်း မော်တော်ယာဉ်အစိတ်အပိုင်းတစ်ချို့ (ဥပမာ၊ အင်ဂျင်၊ ဘတ်ထရီနဲ့ အခြားအစိတ်အပိုင်းများ)အတွက် ထုတ်လုပ်ခြင်း စသည့်အခက်အခဲများကြောင့် ထုတ်လုပ်မှုနှုန်းများ ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသတင်း တင်ဆက်မှုများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)