
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ နေ့လယ် (၁၄း၀၀) အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂၅/၂၀၂၄-၂၀၂၅)သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ထားဝယ်အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်းရေးမှူးမှ (၂၅/၂၀၂၄-၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုချက်ရယူခြင်းနှင့် ယခင် (၂၄/၂၀၂၄-၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)