
အာဖဂန်ကြားဖြတ်အစိုးရသည် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် သွယ်တန်းခြင်းအတွက် အမေရိ ကန်ဒေါ်လာ ၂၈၉ သန်းကျော်တန်ဖိုးရှိ ကန်ထရိုက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေး ဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်ရုံးမှ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ Da Afghanistan Breshna Sherkat ဟု လူသိများသော အာဖဂန်ဓာတ်အားပေးကုမ္ပဏီနှင့် ပြည်တွင်းနှင့် ပြည်ပပုဂ္ဂလိကကုမ္ပဏီများအကြား စာချုပ်များကို ကဘူးလ်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကန်ဒါဟာ ၊ Zabul နှင့် Helmand တောင်ပိုင်းပြည်နယ်များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်းများ ဖော်ဆောင်သွား မည်ဖြစ်ပြီး အဆိုပါစာချုပ်များတွင် Balkh၊ Herat၊ Laghman၊ Logar၊ Nangarhar နှင့် Jawzjan တို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော်သွား မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ် စွမ်းအား ၂၂၈.၄၅ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အာဖဂန်နစ္စ တန်သည် ပြည်တွင်းရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပြီး အိမ်နီးချင်း တာ့ခ်မင် နစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် အီရန်တို့မှ နှစ်စဉ် ၆၂၀ မဂ္ဂါဝပ် တင်သွင်း နေကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)