မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း ကျောက်မီးသွေးတန်ချိန် ၁၀ သန်းကျော် ပြည်ပသို့တင်ပို့ခဲ့

Powered by Drupal

      မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၈၅၈.၈ သန်း တန်ဖိုးရှိသော ကျောက်မီးသွေး တန်ချိန် ၁၀.၂ သန်း အားတင်ပို့ခဲ့ကြောင်း ကုန်းလမ်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များကို ကိုးကား၍  ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။ ၂၀၂၄ အလားတူကာလကထက် တန်ဖိုးအားဖြင့် ၃၅.၇ ရာခိုင်နှုန်းနှင့် ထုထည်အားဖြင့် ၃.၄ ဆ ကျဆင်းသွားကြောင်း ဖော်ပြချက်အရသိရသည်။ ရွှေ၊ ငွေ၊ ကြေးနီနှင့် ကျောက်မီးသွေးကဏ္ဍတို့သည် မွန်ဂိုလီးယားစီးပွားရေးအတွက် အဓိက မဏ္ဍိုင်များဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံ ကျောက်မီးသွေး ထုတ်လုပ်မှု၏ဝေစုကို မွန်ဂိုလီးယားပြည်နယ် တောင်ပိုင်း Umnugovi တွင်ရှိသော ကမ္ဘာ့အကြီးဆုံး Coking နှင့် အပူ ကျောက်မီးသွေးသိုက်တစ်ခုဖြစ်သည့် Tavan-Tolgoi ကျောက်မီးသွေးသိုက်မှ တွက်ချက်သည်။ စုစုပေါင်းခန့်မှန်း ခြေအရင်းအမြစ် တန်ချိန် ၆.၅ ဘီလီယံရှိပြီး လေးပုံတစ်ပုံမှ အရည်အသွေးမြင့် Coking ကျောက်မီးသွေးဖြစ်သည်။

Source : Xinhua

DOCA(ရန်ကုန်)