
၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့၊ နံနက် (၇း၀၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများသည် မြိတ်မြို့၊ သာကေတ ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီနှင့်အတူ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဆား၊ ငါး၊ ပုစွန်ခြောက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့အား ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)