စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂)ရက်နေ့၊ နေ့(၂:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၊ ရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာရမည့်တာဝန်များ အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့၏ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များကွဲပြားပုံအကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ရွေးချယ် အသုံးပြုလိုက်သောကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့် ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲတိုင်ကြား ကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့်အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့်တာဝန်များကို လိုက်နာကြရန်လိုအပ် ကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာ သော ကိစ္စရပ်များအားလည်း ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာ ရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးရှိပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာ