“ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

                   ကျောက်ဆည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲစသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် (၉-၆-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းမြင့်တက်မှု မရှိစေရေး၊စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ စက်သုံးဆီ ရောင်းချသည့်ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက်ပိုမိုကျော် လွန်၍ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာရောင်းချရန်နှင့် အရည်အသွေး ကောင်းမွန်သောစက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ပါသည် ။ ကျောက်ဆည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိဘဲထပ်မံမှာယူထားပြီး ပုံမှန်ဖွင့်လှစ် ရောင်းချလျှက်ရှိပါသည်။ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်(၄၁)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)