
DigiPlus Interactive ကုမ္ပဏီသည် ၎င်း၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ BingoPlus ဖောင်ဒေးရှင်းမှ တစ်ဆင့် ၂၀၂၄ ခုနှစ်တွင် ပီဆို ၁၀၀သန်းခန့်ကို နိုင်ငံတစ်ဝှမ်းရှိ ဖိလစ်ပိုင် နိုင်ငံသား ၁၂၀၀၀၀ ဦးရေ၏ ဘဝများအတွက် အကျိုးရှိစေသော အသက် မွေးဝမ်းကြောင်း ပံ့ပိုးရေးအစီအစဉ်များ၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးများနှင့် ပညာရေးနယ်ပယ်များတွင် ထောက်ပံ့ပေးရန် ကတိပြုလိုက်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် DigiPlus သည် ပညာရေးအရင်းအမြစ်များကို အခွင့်အလမ်း နည်းပါးသော အသိုင်းအဝိုင်းများထံ ပေးအပ်ခြင်း၊ ဒစ်ဂျစ်တယ် စာပေသင်တန်းများ နှင့် အခဲ့အင်တာနက်များ သုံးစွဲအသုံးပြုနိုင်ရန် အတွက် PLUS စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ ၎င်း စင်တာများသည် ဒစ်ဂျစ်တယ်ခေတ်တွင် ကျောင်းသားများ နှင့် အလုပ်ရှာဖွေသူများ အတွက် လိုအပ်သော အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် ဘေးကင်းသော သင်ကြားရေးနေရားများအဖြစ် ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။ ၎င်း၏ ပညာရေးလှုပ်ရှားမှုများ ၏ အဓိက လုပ်ဆောင်ချက်မှာ ပညာသင်ဆုများ၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများနှင့် ထိုက်တန်သော ဖိလစ်ပိုင်ကျောင်းသားများအတွက် လမ်းညွှန်မှု အခွင့်အလမ်း များကို အပြည့်အဝထောက်ပံ့ပေးနိုင်ပြီး နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား ၆၀ ကျော်အား အခွင့်အရေးပေးနိုင်သည့် PLUS Factor Scholarship Program ဖြစ်ကြောင်းသိရပါသည်။ Typhoon Kristine တိုက်ခိုက်ပြီးနောက်တွင် DigiPlus သည် အရေးပေါ်အကူအညီအနေဖြင့် ပီဆို ၃၇ သန်းကို ထောက်ပံ့ပေးခဲ့ပြီး ဘေးဒဏ်သင့်ရပ်ရွာများသို့ အရေးပေါ်ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့်ရေရှည်အသက်မွေးဝမ်းကြောင်း အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။ ထိုကနဦးလုပ်ဆောင်ချက်သည် ရေရှည်ကြံ့ခိုင်နိုင်စွမ်းရှိမှုနှင့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် ကုမ္ပဏီ၏ကတိကဝတ်ကို ထင်ဟပ်စေပါသည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်ချက်များအပြင် DigiPlus ကုမ္ပဏီသည် စီးပွားရေးအခြေတည်မှု ရရှိရန်အတွက် အရင်းအမြစ်များ၊ လေ့ကျင့် သင်ကြားမှုများနှင့် ကိရိယာတန်ဆာပလာများနှင့်အတူ လူတစ်ဦးချင်းစီအတွက် ရေရှည် တည်တံ့စေနိုင်သော အသက်မွေးဝမ်းကြောင်းအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး အစီအစဥ်များမှတဆင့် မိသားစုများ ကို လူနေမှုအဆင့်အတန်းမြှင့်တင်ရန် နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်းသိရပါသည်။
Philstar
DOCA(ရန်ကုန်)