
ဂျပန်စက်မှုလက်မှု ထုတ်လုပ်မှုသည် ဖေဖော်ဝါရီတွင် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လေးလအတွင်း ပထမဆုံး တိုးလာကြောင်း အစိုးရအချက်အလက်များ၏ ဧပြီ ၁ရက်နေ့ ဖော်ပြချက်အရ သိရသည်။ အစီရင်ခံသည့်လတွင် စက်ရုံများနှင့်မိုင်းတွင်းရှိ ရာသီအလိုက်ချိန်ညှိထားသော ထုတ်လုပ်မှုအညွှန်းကိန်းသည် ၂၀၂၀ ခုနှစ်က အခြေခံထားသော ၁၀၀ နှင့် ဆန့်ကျင်လျက် ၂၀၂၅ မတ်လတွင် ၁၀၂.၄ ဖြစ်ကြောင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပဏာမ အချက်အလက်များတွင် ဖော်ပြထားသည်။ စက်ယန္တရားနှင့်အီလက်ထရွန်နစ် အစိတ်အပိုင်းကဏ္ဍ များတွင် ခိုင်မာသော ထုတ်လုပ်မှု တိုးတက်မှုကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာနက သတ်မှတ်ခဲ့ သည်။ စက်မှုလုပ်ငန်း ၁၅ ခုတွင် ၉ ခုသည် စံချိန်တင်အမြတ်များပြီး ၆ ခုမှာ ကျဆင်းသွားခဲ့သည်။ ဆီမီးကွန်ဒတ်တာကုန်ထုတ်ကိရိယာများနှင့် စက်ယန္တရားများ တိုးမြှင့်တင်ပို့မှုကြောင့် စက်ပစ္စည်း ကဏ္ဍ၏ ထုတ်လုပ်မှုသည် ၈.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အီလက်ထရွန်းနစ် အစိတ်အပိုင်း များနှင့် စက်ပစ္စည်းများ ကဏ္ဍသည် ၁၀.၁ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရပြီး ဓာတုဗေဒ လုပ်ငန်း (အော်ဂဲနစ် ဓာတုပစ္စည်းများနှင့် ဆေးဝါးများ အပါအဝင်) သည် ၃.၄ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။ အားနည်းချက်အရ၊ သယ်ယူပို့ဆောင်ရေး စက်ယန္တရားကဏ္ဍ (မော်တော်ကားများ အပါ အဝင်) လေယာဉ်အင်ဂျင်အစိတ်အပိုင်းများမှာယူမှု လျော့နည်းခြင်းကြောင့် ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သံနှင့်သတ္တုမဟုတ်သော သတ္တုကဏ္ဍသည် ဇင့်အတွက် ထောက်ပံ့မှုအခက်အခဲ ကြောင့် ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကုမ္ပဏီကြီးများ၏ ထုတ်လုပ်မှုအစီအစဥ်များအပေါ် အခြေခံ၍ ဝန်ကြီးဌာနသည် မတ်လတွင် ထုတ်လုပ်မှုသည်တစ်လထက်တစ်လ ၀.၆ ရာခိုင်နှုန်းတိုးလာပြီး ဧပြီလတွင် ၀.၁ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြသည်။
Source : Xinhua
DOCA(ရန်ကုန်)