ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းတို့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍအားကောင်းရန်ကြိုးပမ်း

Powered by Drupal

     ထိုင်းနိုင်ငံ Khon Kaen ပြည်နယ်၏ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်သည် အရှေ့-အနောက် စီးပွားရေးစင်္ကြန်တွင် ဗျူဟာမြောက်တည်ရှိသည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းတို့ကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၃၀ ရက်‌နေ့က လက်ခံကျင်းပခဲ့ပါသည်။ ထိုပွဲအခမ်းအနားကိုနှစ်နိုင်ငံလုံး၏ ညီနောင် အသင်းများမှကိုယ်စားလှယ်များ၊ ပြည်ပရောက်ဗီယက်နမ်နှင့် ဗီယက်နမ်နှင့် ထိုင်းစီးပွားရေး အသင်းများနှင့် Khon Kaen နှင့် Nong Khai ပြည်နယ်များမှခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် ကောင်စစ်ဝန်ချုပ် Dinh Hoang Linh က အခြေခံ အဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် အစားအစာပြုပြင်ထုတ်လုပ်ခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာဆန်းသစ်တီထွင်မှုနှင် ခရီးသွား ကဏ္ဍတို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ကြီးမားသောအလားအလာများရှိကြောင်း ပြောကြားခဲ့ပါသည်။ Khon Kaen ၏ ဒုတိယအုပ်ချုပ်ရေးမှူး Siriwat Pinijipanich က ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံကြား နီးကပ်သောဆက်ဆံရေးသည် အုပ်ချုပ်သူများမှ ပြည်သူများထိ တိုးချဲ့နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Da Nang နှင့် Khon Kaen တို့သည် ညီအစ်မမြို့တော်များ ဖြစ်သည့်အတွက် ထိုဆွေးနွေးပွဲသည် ထိုအမွှာမြို့တော်နှစ်ခုသာမက ထိုင်းအရှေ့မြောက်ပိုင်းနှင့် ဗီယက်နမ်ပြည်သူများအကြား စီးပွားရေးအချင်းချင်း ချိတ်ဆက်ပေးရန် တံခါးဖွင့်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ Delta E&C Group ၏ ဥက္ကဌ Steve Bui က ကျောင်းသားချင်း ဖလှယ်သည့်ပရိုဂရမ်များနှင့် AI နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့တွင် များစွာသော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်တောင်ပိုင်းပြည်နယ် Phu Yen ၏ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ Nguyen Huynh Vinh Huy က ထိုဆွေးနွေးပွဲသည် အကောက်ခွန်မူဝါဒများရှာဖွေရန်နှင့် မွေးမြူရေး ကျောက်ပုဇွန်နှင့် တူနာငါးတို့ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် လွယ်ကူချောမွေ့စေရန် အရေးပါသောအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗီယက်နမ်လုပ်ငန်းများသည် ပညာရေး၊ အစားအစာထုတ်လုပ်ခြင်း၊ အစိမ်းရောင် စိုက်ပျိုးမွေးမြူရေးနှင့် ပင်လယ်စာကဏ္ဍများတွင် များစွာသောနားလည်မှုသဝဏ်လွှာများ လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)