
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်တန်ဖိုးရှိသော Victory Giant Technology Vietnam စက်ရုံနှင့် Green Precision Manufacturing Vietnam Co.Ltd ၏ စက်ရုံတို့အတွက် ပန္နက်ချပွဲအခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ Victory Giant Technology သည် တရုတ်နိုင်ငံအခြေစိုက်ဖြစ်ပြီး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် ဆားကစ်ဘုတ်များဖြစ်သည့် PCB၊ HDI၊ FPC နှင့် Rigid-Flex ဆားကစ်ဘုတ်များ ရောင်းချခြင်းတို့လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရပါသည်။ ထိုထုတ်ကုန်များသည် AI၊ အကြီးစားဒေတာစင်တာများ၊ အစိမ်းရောင်မော်တော်ယာဉ်များ၊ လေကြောင်းဆက်သွယ်ရေးနည်းပညာနှင့် ဆေးဝါးပစ္စည်းများတွင် အရေးပါသောနေရာတွင်ရှိကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၂၀ ရှိသော ထိုစက်ရုံသည် ခန့်မှန်းအမေရိကန် သန်း ၉၀၀ တန်ဖိုးရှိသော PCB စတုရန်းမီတာ ၄ သန်းကို နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ ပြည်နယ်၏သင့်လျော်ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့်ပတ်သတ်၍ ပြည်နယ်ပြည်သူ့ကော်မတီ၏ ဥက္ကဌ Vuong Quoc Tuan က Victory Giant Technology သည် ဆောက်လုပ်မှုစတင်ရန်နှင့် ထုတ်လုပ်ရန်လိုအပ်သော လုပ်ငန်းစဉ်များကို လျှင်မြန်စွာပြီးမြောက်မည်ဟု မျှော်လင့်ကြောင်းနှင့် ကုမ္ပဏီအား ဥပဒေ စည်းမျဉ်းများလိုက်နာရန်နှင့် ၎င်းတို့၏လုပ်သားများအား လူမှုဖူလုံရေးဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။ Tuan က ပြည်နယ်သည် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးရန်အာမခံ ချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ် အခြေစိုက် Green Precision ကုမ္ပဏီသည် သုတေသန၊ ဒီဇိုင်းနှင့် စပီကာ၊ မိုဘိုင်းဖုန်း၊ Tablet နှင့် အီလက်ထရောနစ်ငွေပေးချေစက်များပါဝင်သော အီလက်ထရောနစ် စားသုံးထုတ်ကုန်များ အတွက် အစိတ်အပိုင်းများထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန် ဒေါ်လာ ၁၂၁ သန်း ရင်းနှီးမြှုပ်နှံမည့်ထိုစက်ရုံသည် ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် စီးပွားရေး လည်ပတ်မှု စတင်ရန်မျှော်လင့်ရပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၃ သန်း ခန့်မှန်းတန်ဖိုးရှိသော ထုတ်ကုန် ၆၂ သန်းကို နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိရန် ခန့်မှန်း ရကြောင်း သိရပါသည်။ Tuan က ထိုလုပ်ငန်းစတင်လည်ပတ်ပါက ၎င်းသည် စဉ်ဆက်မပြတ် ထုတ်လုပ်မှုတန်ဖိုးဖန်တီးနိုင်မည် ဖြစ်ပြီးပြည်နယ်၏စီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာ ပူးပေါင်းပါဝင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ပထမ ၃ လအတွင်း ပြည်နယ်သည် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံများကိုရရှိခဲ့ကြောင်း သိရပါသည်။ ယနေ့အချိန်ထိ ပြည်နယ်သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၄၀၀ အတွက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)