ဘားအံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဆောင်၍  ကရင်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်း များသည် (၁၈-၆-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဘားအံမြို့ DENKO(ဘားအံ-၂) စက်သုံးဆီအရောင်းဆိုင်၊ ညောင်ရိပ်(၂)  စက်သုံးဆီအရောင်းဆိုင်နှင့် ရှမ်းလေးစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေရေး၊ စက်သုံးဆီများ အချင်အတွယ်ပြည့်ဝ မှန်ကန်မှုရှိစေရေး၊ ကား/ ဆိုင်ကယ်စီတန်းမှုအခြေအနေများ၊ စက်သုံးဆီ ဘောက်ဆာယာဉ်များရောက်ရှိမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန် အခြေအနေများ မေးမြန်းခဲ့ပြီး အချင်အတွယ်မှန်ကန်မှုရှိ/မရှိအား (၂၀)လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ကြပါသည်။

           ကရင်ပြည်နယ် စက်သုံးဆီကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော ရေနံထွက် ပစ္စည်းကြီးကြပ်ရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့သည် ကရင်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီအမျိုးအစားအလိုက် ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိနှင့် ရန်ကုန်မြို့မှ စက်သုံးဆီသယ်ဆောင်လာသော Bowser ယာဉ်များ ရောက်ရှိမှု အခြေအနေများကို စိစစ်ကြပ်မတ် စာရင်းကောက်ယူလျက်ရှိပြီး ကုန်သွယ်မှုမြန်ဆန်စေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကော်မတီသို့ နေ့စဉ်တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)