ဘားအံမြို့၊ အ.မ.က(၃)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်းလင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၂-၆-၂၀၂၂  ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ အ.မ.က (၃)မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်စုနွေး သီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန် ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့၍ ကျောင်းအုပ်ဆရာမကြီး (၁)ဦး၊ ဆရာ/ဆရာမ (၁၂)ဦးနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်းဦးရေ (၁၆၇)ဦး တက်ရောက်ပြီး  ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမူရှိစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို ဦးတည်နေရာ (၁၂) နေရာတွင် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်နေသကဲ့သို့ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသားကို ဖော်ပြနိုင်ရန်နှင့် စနစ်တကျ ရွေးချယ်စားသောက်တတ်စေရန် အသိပညာပေး၊ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)