မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင်သည် (၂၁.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် တကောကျေးရွာ ဓမ္မာရုံ၌ မုန့်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် တက်ရောက်လာကြသော မုန့်မျိုးစုံရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ၂၀၁၉ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန််များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်    တက်ရောက်လာကြသော   မုန့်မျိုးစုံဆိုင်ပိုင်ရှင်များမှ    သိရှိလိုသည်များအား မြို့နယ်တာဝန်ခံမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)