ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး‌ဆောင်ရွက်ခြင်း

Powered by Drupal

       ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်သည် သံတွဲခရိုင် FDA၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းကာ (၂၀-၆-၂၀၂၂)နေ့ နံနက် (၁၀:၀၀)အချိန်တွင် သံတွဲမြို့ ဦးဥတ္တမလမ်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ဇေယျာမုန့်တိုက်သို့ သွား‌ရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး  လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေး‌ဟောပြောရာတွင် သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်၊ ဦးစီးအရာရှိက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် ကုန်အညွှန်းမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်၏ တံဆိပ်အမှတ်အသား မူပိုင်ခွင့်လျှောက်ထားနိုင်ရေးဆွေးနွေးခြင်း၊ သံတွဲခရိုင်  FDA မှ ဒေါက်တာရဲမင်းသိန်းက လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်ရေး၊ ကုန်ကြမ်းပစ္စည်းများ၏ စံချိန်စံညွှန်း၊ ကုန်ချောပစ္စည်းများ လုံခြုံစိတ်ချနိုင်ရေး အတွက် FDAမှ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်နေမှု အခြေအနေ၊ FDA၏ ခွင့်ပြုလိုင်စင်လျှောက်ထားနိုင် ရေးတို့အား လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်စုလေးနိုင်က မုန့်ဖုတ်လုပ်သားများ ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သုံးစွဲပြီးရေဆိုးရေညစ်များ စနစ်တကျ စွန့်ထုတ်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းဝေးစေရေးတို့အားလည်းကောင်း၊ သံတွဲခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီး ဌာနမှူး ‌‌ဒေါ်စုမြတ်မွန်က အသေးစားစက်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရေးနှင့် နည်းပညာဖြန့်ဝေ ပေးမှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)