ညောင်တုန်းမြို့နယ် နတ်ပေး အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန် တွင် ညောင်တုန်းမြို့နယ် နတ်ပေး အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာ၌ တက်‌ရောက်သူကျောင်းသားများအနေဖြင့် စားသုံးသူများလိုက်နာသင့် အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် အချက်များကို သေချာစွာ လေ့လာမှတ်သားထားကြရန် အလေးပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ လုပ်ငန်းရှင်များ လေးစားလိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူရာတွင် စိတ်ကျေနပ်မှု မရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုက်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/သူများကလည်း သိရှိလိုသည်များမေးမြန်ကြ၍ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးတက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)