ဒိုက်ဦးမြို့နယ်၌ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီးသမန်းမွှေခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်ရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို  ဇွန်လ ၁၈ ရက်နေ့၊ နံနက်( ၁၀) နာရီ အချိန်၌  ဒိုက်ဦးမြို့နယ် ၊ ကတုတ် ဘုရားကြီး ၊ တောင်သူဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီးသမန်းမွှေခြင်း သရုပ်ပြပွဲတွင် မြို့နယ် စက်မှု လယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီး၍ သမန်းမွှေ ကိရိယာ ဖြင့် ထွန်ယက်ပြသခဲ့ပြီး ဝယ်ယူအသုံးပြုလိုသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ကြပါသည်။

         အဆိုပါ သရုပ်ပြပွဲသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒိုက်ဦး မြို့နယ် တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံ ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)