စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု ၊ ရေးလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူ (၂၅)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်း အရာများကိုလည်းကောင်း၊ ကုန်စည် ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်များကိုလည်းကောင်း ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည့် အကြောင်းများကို လည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)