ဒိုက်ဦးမြို့တွင် စားသုံးဆီရောင်းချသည့် ဆိုင်ကြီးများအား အသိပညာပေးဆွေးနွေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသော ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ် ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသော ဆီအမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာ ဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ် ပါဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါ သည်။

              ထို့နောက် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ များတွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်းနှင့် ပတ်သက်သည့် အသိပေးကြေညာချက်ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)