စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်၊ ကဘော် ( ၃ ) အစည်းအဝေးခန်းမ၌ ( ၂၃.၆.၂၀၂၂ ) ရက်နေ့၊ နံနက်( ၁၀:၀၀ ) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲတွင်ဦးစွာပဏာမအနေဖြင့် ကလေးတက္ကသိုလ်ပါမောက္ခချုပ်ကြီး ဒေါက်တာ ယောဟန်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးငွေဇင် (လ/ထ)ညွှန်ကြားရေးမှူးမှ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ”နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်သန်းသန်းဝင်း(ခရိုင်ဦးစီးမှူး)မှ “စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ” ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်မှ “ရည်မှန်းချက်ရှိရမည်”ခေါင်းစဉ်ဖြင့် အသီးသီးပြောကြား ဆွေးနွေးခဲ့ကြပါသည်။ အသိပညာပေးအခမ်းအနားမှာ နံနက် ( ၁၂: ၀၀ ) နာရီအချိန်တွင် ပြီးစီးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမပေါင်း( ၂၅ ) ဦး ကျောင်းသူ/ ကျောင်းသား ပေါင်း ( ၁၅၅ ) ဦး စုစုပေါင်း ( ၁၈၀ )ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)