စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် မုံရွာခရိုင်ဦးစီးမှူးတို့သည် တိုင်းဒေသကြီး၊ မြန်မာ့ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ပူးပေါင်း၍ (၂၂.၆.၂၀၂၂)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်သို့ ကွင်းဆင်း၍ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်း များနှင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းလက်လီဈေးနှုန်းများအတိုင်း ရောင်းချရန်လိုအပ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချပါက မြန်မာ့ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း စက်သုံးဆီမပြတ်လပ်စေရေးအတွက်လည်း ရန်ကုန်မြို့ရှိ ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီဘောက်ဆာကားများ ကြန့်ကြာမှုမရှိဘဲ အချိန်မီရောက်ရှိစေရေးအတွက်လည်း မိမိတို့ဌာနနှစ်ခုမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များ၊ လိုအပ်သည့်အချက်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)