တောင်ငူခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်မှ မြို့နယ်တာဝန်ခံများသည် ဇွန်လ ၂၂ ရက်နေ့တွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် တရားမဝင်တင်သွင်းသည့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ထုတ်ကုန်များ ရောင်းချ ခြင်းရှိ/မရှိကို စစ်ဆေးရေးအရာရှိများက သက်ဆိုင်ရာမြို့နယ်များအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              မလေးရှားနိုင်ငံထုတ်  Gano Excel Industries SDN.BDH မှ အစားအသောက်၊ လူသုံးကုန်ပစ္စည်း၊ ဖြည့်စွက်ဓါတ်စာများကို တစ်ဦးတည်းပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး တရားဝင်တင်သွင်းလျှက်ရှိသော MLM Gano Trading Company တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရှိပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်လည်း ကိုက်ညီမှုရှိကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း အခြားလုပ်ငန်းရှင်တစ်ဦးမှ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစာများကို တရားမဝင်တင်သွင်းလျှက်ရှိနေသည့်အတွက် သုံးစွဲ သူများအဆင်မပြေဖြစ်လာမည်ကို စိုးရိမ်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

              တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူမြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ရေတာရှည်မြို့ပေါ်ရှိ ကုန်စုံဆိုင် ကြီးများတွင်လည်းကောင်း၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စောင့်ကြည့် စစ်ဆေးခဲ့ရာ ၎င်းမြို့နယ်များတွင် တရားမဝင် တင်သွင်းသည် ထိုင်းနိုင်ငံထုတ် Gano အမှတ် တံဆိပ် ကော်ဖီ (3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစာများ ရောင်းချခြင်းကို မတွေ့ရှိရကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)